Skip to main content

Posts

Featured

မြန်မာနိုင်ငံ ပညာရေးအတွက် အကြံပြုချက်များ

  ပညာရေးအတွက် တော်တော်လေး အန္တရာယ်ရှိတဲ့ ကိစ္စပဲလို့ ယူဆမိတဲ့အတွက် စေတနာ သန့်သန့်နဲ့ အမုန်းခံပြီး တင်ပြလိုက်ရခြင်း ဖြစ်ပါတယ် ခင်ဗျာ။ ကျောင်းတွေမှာ သင်ကြားပုံ အားနည်းတာ လက်ခံပါတယ်။ မဖြစ်မနေ ပြင်ဆင်ရမယ့် ကိစ္စပါ။ ဆရာတွေကိုလဲ သေသေချာချာ လေ့ကျင့် မွေးထုတ်ပေးပြီး ထိုက်တန်တဲ့ လေးစားမှုနဲ့ လစာ၊ အခွင့်အလမ်းတွေ ပေးကြရမှာပါ။ ဒါပေမယ့် ကျောင်းက သင်တဲ့ ပညာတွေကို ပစ်ပယ်ရမှာတော့ မဟုတ်ပါဘူး။ ... အသက်မွေးဝမ်းကျောင်းတဲ့ ပညာနဲ့ တက္ကသိုလ်ပညာ မတူပါဘူး။ ကားပြင်တဲ့ ပညာနဲ့ ကားအသစ်တွေ တီထွင်တဲ့ ပညာ မတူပါဘူး။ အသက်မွေးဝမ်းကျောင်းပညာနဲ့ ပက်သက်ပြီးတော့ ကျွန်တော် လေ့လာခဲ့ပြီး ဥပဒေကြမ်းတစ်ခု အကြမ်းရေးပေးခဲ့ဘူးတဲ့အတွက် အတော် လေ့လာခဲ့ဘူးပါတယ်။ မြန်မာပြည်မှာ ဦးစားပေးလုပ်သင့်တဲ့ လုပ်ငန်းဖြစ်ပြီး အဓိကကျပါတယ်။ ဒါပေမယ့် တကယ်တော်တဲ့ အင်ဂျင်နီယာတွေ၊ ပညာရှင်တွေလဲ မွေးထုတ်ကြရမှာပါ။ ... အင်ဂျင်နီယာပေမယ့် ဒီဇိုင်းထုတ်တဲ့သူ ဖြစ်နေမယ်ဆိုရင် ကားပြင်တဲ့သူလောက် ကားပြင်တဲ့နေရာမှာ မတော်နိုင်ပါ။ ဥပမာ ကျွန်တော့်အနေနဲ့ E.P နဲ့ Ph.D ရထားပါတယ်။ ကျွန်တော့်ကို အိမ်မှာ မီးဆင်ခိုင်းရင် သေသပ်မယ်လို့ အာမ မခံနိုင်ပါဘူး။  ... ဒါပေမယ့် မီးဆ...

Latest Posts